သင်္ဘောလုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ PDF မိုင်းဆွဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်သား ၃ ဦး သေဆုံး၊ ကလေးမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး ဒဏ်ရာရ
ရန်ကုန်၊ မတ် ၂၄
ကသာမြို့နယ်၊ မိုးတားလေးကျေးရွာမှ အောက်ဖက် ဝဲကြီးကျေးရွာသို့ ခြေလျင်ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မတ်လ ၂၄ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် မြို့လှ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး M79 ဗုံးသီးများဖြင့် ပစ်ခတ်၍ စစ်သား ၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
အလားတူ ကလေးမြို့နယ်၊ မြစ်သာမြစ်အနီးတွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ကို PDF - Kalay အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း သိရှိရဿည်။
တိုက်ခိုက်မှုများသည် မတ်လ ၂၂ ရက် ညနေ ၅ နာရီဝန်းကျင်နှင့် မတ်လ ၂၃ ရက်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး PDF များ အထိအခိုက်မရှိဟု PDF - Kalay က ထုတ်ပြန်သည်။
ဓါတ်ပုံ - မြို့လှ PDF တပ်ဖွဲ့ဝင် ၁ ဦး

No comments:
Post a Comment