Popular

Wednesday, March 23, 2022

 ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ပြည်သူ့သားကောင်းများကို NUG ဂုဏ်ပြုတွေ့ဆုံ

23-3-2022
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူများသည် ပြည်သူ့ရင်ခွင်ခိုလှုံလာသော ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါ 'ပြည်သူ့သားကောင်းများနှင့်တွေ့ဆုံပွဲ' ကို မတ်လ ၁၉ ရက်တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင် အထည်ဖော်ဆောင်မှုကော်မတီဝင်များ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းမှ စစ်ဘက်၊အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်သား၊ရဲသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် NUG ယာယီသမ္မတကြီးဒူဝါလရှီးလနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ပေးပို့သော အားပေးစကားနှင့် ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက လက်ရှိ NUG၏ လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်ဟု ဖော်ပြသည်။
ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူများကလည်း ကော်မတီ၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းတာဝန်များနှင့်ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု ထုတ်ပြန် သည်။
ဓာတ်ပုံ - NUG ကာကွယ်​ရေးဝန်ကြီးဌာန
သင်္ဘောလုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ PDF မိုင်းဆွဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်သား ၃ ဦး သေဆုံး၊ ကလေးမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး ဒဏ်ရာရ
ရန်ကုန်၊ မတ် ၂၄
ကသာမြို့နယ်၊ မိုးတားလေးကျေးရွာမှ အောက်ဖက် ဝဲကြီးကျေးရွာသို့ ခြေလျင်ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မတ်လ ၂၄ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် မြို့လှ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး M79 ဗုံးသီးများဖြင့် ပစ်ခတ်၍ စစ်သား ၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
အဆိုပါ အင်အား ၄၅ ဦးခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် မြစ်ကြောင်းတလျှောက် သင်္ဘောလုံခြုံရေးယူပေးနေသည့် တပ်ဖွဲ့ဖြစ်ကြောင်း ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း PDF များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။
အလားတူ ကလေးမြို့နယ်၊ မြစ်သာမြစ်အနီးတွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ကို PDF - Kalay အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း သိရှိရဿည်။
တိုက်ခိုက်မှုများသည် မတ်လ ၂၂ ရက် ညနေ ၅ နာရီဝန်းကျင်နှင့် မတ်လ ၂၃ ရက်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး PDF များ အထိအခိုက်မရှိဟု PDF - Kalay က ထုတ်ပြန်သည်။

ဓါတ်ပုံ - မြို့လှ PDF တပ်ဖွဲ့ဝင် ၁ ဦး 




  မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရွာများမီးဆက်လက်ရှို့ခံရ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် မကွေးတိုင်း၊ မြိုင်မြို့နယ် သဒွတ်ရွာကို စစ်ကောင်စ...