Popular

Thursday, August 25, 2022

 မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရွာများမီးဆက်လက်ရှို့ခံရ

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ် သဒွတ်ရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာအတွင် အိမ်ခြေ ၃၀၀ ကျော် မီးရှို့ခံခဲ့ရကြောင်း ဒေသခံများမှတစ်ဆင့် သိရသည်။

စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ ရွာထဲဝင်လာ၍ လက်နက်အင်အားမမျှခြင်းကြောင့် PDF များ ရွာကို စွန့်ခွာခဲ့ရပြီး စစ်ကောင်စီတပ်သားများမှ ရွာတွင်းအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်မှာလည်း စစ်ရေးတင်းမာလျက်ရှိပြီး မြိုင်မြို့နယ်အတွင်း သဒွတ်၊ ပေါက်ခေါင်း အပါအဝင် ရွာပေါင်း ငါးရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်းသိရသည်။



Photo: Myaing's Hero Generations PDF


 AA နှင့် စစ်ကောင်စီတပ်တို့ တောင်ကုတ်တွင် တိုက်ပွဲဖြစ်၊ စကစ မှ ၁၄ ဦးထက်မနည်းသေဆုံး

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာဖက်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ယနေ့ သြဂုတ်လ ၂၅ ရက် ညနေပိုင်းအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှတစ်ဆင့် သိရသည်။

စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် AA တပ်စခန်းရှိရာနေရာသို့ ဝင်ရောက်တိုက်ခိုက်ရာ သတင်းကြိုတင်ရရှိခဲ့ပြီး စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီဖက်မှ ၁၄ ခန့်သေဆုံးခဲ့ကြောင်း
AA ၏ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တပ်တော်တို့ နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ခက်စိတ်စိတ်ဖြစ်ပွားလာကြောင်းတွေ့ရသည်။

 လမ်းမှားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်နှင့်အတူ ဖမ်းဆီးရမိ

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်သား သူရိန်ကို လက်နက်နှင့်အတူ ယနေ့ အရှင်ဖမ်းဆီးရမိကြောင်း သိရသည်။ ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် Khin-U Dynamite Squad၊ ရောင်နီပျောက်ကျား၊ Narapati Local Guerrilla Revolution Force တို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


 စစ်ကောင်စီ၏ ပြင်းထန်သည့်ထိုးစစ်များကြောင့် KNLA စိုးမိုးနယ်မြေအချို့ဆုတ်ပေးခဲ့ရ

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် 

ကရင်ပြည်နယ်၊ မြဝတီခရိုင် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ မြဝတီ-ဝေါလေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့တိုက်ပွဲတွင်ည စစ်ကောင်စီ၏ ပြင်းထန်သည့်ထိုးစစ်များကြောင့် KNLA ထိန်းချုပ်ထားသည့် နေရာအချို့ ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ တိုက်လေယာဉ် ၅ စီးအသုံးပြုကာ ဖျက်အားပြင်း ကလက်စတာဗုံးများ၊ ပေါင် ၅၀၀ ဗုံးများအသုံးပြုကာ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KNLA (Cobra စစ်ကြောင်း) ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက ပြောသည်။


သြဂုတ်လ ၂၃ ရက်နေ့တိုက်ပွဲတွင် စကစ တပ်မှ သုံးဦးသေဆုံးပြီး ငါးဦးပြင်းထန်ဒဏ်ရာရကာ Cobra စစ်ကြောင်းဘက်မှ နှစ်ဦးကျဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာသို့ ပြောင်းရွှေ့ခန့်အပ်ခံရသူ ဗိုလ်ချုပ်မြတ်သက်ဦးကိုယ်တိုင် သုံးထပ်ကွေ့တိုက်ပွဲကို အမိန့်ပေးကွပ်ကဲနေကြောင်းလည်း သိရသည်။

https://www.facebook.com/TheCobraColumn

တပ်ရင်းမှူးဆင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ၁ ဦး သေဆုံး

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် 

မြိုင်မြို့နယ်တွင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အရပ်ဝတ်ဖြင့် ဖမ်းဆီးရမိစဉ် ထွက်ပြေး၍ ပစ်ထတ်ရာမှ သေဆုံးမှု ဖြစ်ပွားခဲ့တယ်။

အဆိုပါ သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏ လက်မောင်းတံဆိပ်သည် အနောက်တော်ပိုင်းတိုင်း စစ်ဌာနချုပ်တံဆိပ်ဖြစ်ကြောင်း သိရသည်။

မြိင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မြိုင်-ပခုက္ကူလမ်းပိုင်းတွင် စစ်ဆေးရေးများပြုလုပ်နေစဉ် စစ်ဆေးမေးမြန်းရာ စစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခက်ဖမ်းဆီးရာ သေဆုံးသွားခြင်းဖြစ်သည်။


  မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရွာများမီးဆက်လက်ရှို့ခံရ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် မကွေးတိုင်း၊ မြိုင်မြို့နယ် သဒွတ်ရွာကို စစ်ကောင်စ...