စစ်ကောင်စီ၏ ပြင်းထန်သည့်ထိုးစစ်များကြောင့် KNLA စိုးမိုးနယ်မြေအချို့ဆုတ်ပေးခဲ့ရ
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်
ကရင်ပြည်နယ်၊ မြဝတီခရိုင် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ
မြဝတီ-ဝေါလေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့တိုက်ပွဲတွင်ည စစ်ကောင်စီ၏ ပြင်းထန်သည့်ထိုးစစ်များကြောင့်
KNLA ထိန်းချုပ်ထားသည့် နေရာအချို့ ဆုတ်ပေးလိုက်ရကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ တိုက်လေယာဉ် ၅ စီးအသုံးပြုကာ ဖျက်အားပြင်း ကလက်စတာဗုံးများ၊ ပေါင် ၅၀၀ ဗုံးများအသုံးပြုကာ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KNLA (Cobra စစ်ကြောင်း) ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက ပြောသည်။
သြဂုတ်လ ၂၃ ရက်နေ့တိုက်ပွဲတွင် စကစ တပ်မှ သုံးဦးသေဆုံးပြီး ငါးဦးပြင်းထန်ဒဏ်ရာရကာ
Cobra စစ်ကြောင်းဘက်မှ နှစ်ဦးကျဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာသို့
ပြောင်းရွှေ့ခန့်အပ်ခံရသူ ဗိုလ်ချုပ်မြတ်သက်ဦးကိုယ်တိုင် သုံးထပ်ကွေ့တိုက်ပွဲကို အမိန့်ပေးကွပ်ကဲနေကြောင်းလည်း
သိရသည်။
https://www.facebook.com/TheCobraColumn

No comments:
Post a Comment