Popular

Thursday, August 25, 2022

 မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရွာများမီးဆက်လက်ရှို့ခံရ

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ် သဒွတ်ရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာအတွင် အိမ်ခြေ ၃၀၀ ကျော် မီးရှို့ခံခဲ့ရကြောင်း ဒေသခံများမှတစ်ဆင့် သိရသည်။

စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ ရွာထဲဝင်လာ၍ လက်နက်အင်အားမမျှခြင်းကြောင့် PDF များ ရွာကို စွန့်ခွာခဲ့ရပြီး စစ်ကောင်စီတပ်သားများမှ ရွာတွင်းအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်မှာလည်း စစ်ရေးတင်းမာလျက်ရှိပြီး မြိုင်မြို့နယ်အတွင်း သဒွတ်၊ ပေါက်ခေါင်း အပါအဝင် ရွာပေါင်း ငါးရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်းသိရသည်။



Photo: Myaing's Hero Generations PDF


No comments:

Post a Comment

  မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရွာများမီးဆက်လက်ရှို့ခံရ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် မကွေးတိုင်း၊ မြိုင်မြို့နယ် သဒွတ်ရွာကို စစ်ကောင်စ...